ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အနေဖြင့်ငလျင်ဒဏ်ရိုက်ခတ်သည့် (၂၈.၃.၂၀၂၅) မှ (၂၈.၅.၂၀၂၅) အထိ (၂) လအတွင်း မသန်စွမ်းအိမ်ထောင်စု (၁၇၇၀) စုအပါအဝင် ငလျင်သင့်ဒေသများမှအိမ်ထောင်စု စုစုပေါင်း (၆၆၄၀) စုအား ကူညီထောက်ပံ့မှုများ ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါဝင်ကူညီပံ့ပိုးပေးကြသော ပြည်တွင်း ပြည်ပ စေတနာရှင် အလှူရှင်အသီးသီးကို ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။