မသန်စွမ်းသူများအတွက် ဖွင့်လှစ်သော အစားအစာ ချက်ပြုတ်နည်းနှင့် အဖျော်သင်တန်း(၁/၂၀၂၃) အပတ်စဥ်(၁) သင်တန်းသားများခေါ်ယူခြင်း

မသန်စွမ်းသူများသည် အသက်မွေးဝမ်းကြောင်းပညာများကို လက်လှမ်းမီမှု ရရှိပါက အလုပ်အကိုင်အခွင့်အ လမ်းများနှင့် ဝင်ငွေရရှိမှု ပိုမိုမြင့်မားလာကာ လူ့အသိုင်း အဝိုင်းအတွင်း အမှီအခို ကင်းကင်းနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် ရပ်တည်လာနိုင်မည်ဖြစ်သည့်အတွက် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

၂၀၂၂ခုနှစ်တွင်လည်း မသန်စွမ်းသူများနှင့်မသန်စွမ်းမိသားစုဝင်စုစုပေါင်း(၄၅)ဦးအားအစားအစာ ချက်ပြုတ် နည်းနှင့် အဖျော်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။သင်တန်း ၏ အဓိက ရည်ရွယ်ချက်မှာ မသန်စွမ်းသူများအနေဖြင့် သင်တန်းမှ တတ် မြောက်လာသော ပညာရပ်များကိုအသုံးချကာ ငွေကြေးအရင်းအနှီးအနည်း ငယ်ဖြင့် ၎င်းတို့နေထိုင်ရာ ဒေသအတွင်းရှိ ဈေးကွက်နှင့်ကိုက်ညီသည့် သန့်ရှင်း၍ အရသာကောင်းမွန်သော အစားအစာများကို ချက်ပြုတ်ရောင်း ချခြင်းဖြင့် ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်များဖြင့် အသက်မွေးဝမ်းကျောင်း ပြုလာနိုင်စေရန်နှင့် ဝင်ငွေရရှိမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပါသည်။

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ “အစားအစာချက် ပြုတ်နည်းနှင့်အဖျော်သင်တန်း”ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားများ စနစ်တကျ နှင့် ကျွမ်းကျင်စွာ တတ်မြောက်စေရန်အတွက် သင်တန်းအပတ်စဉ် (၁)ခုလျှင် သင်တန်းသားဦးရေ စုစုပေါင်း (၁၅)ဦးသာ ရွေးချယ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းကာလမှာ စာတွေ့ လက်တွေ့ အပါအဝင် စုစု ပေါင်း (၄)ပတ် ကြာမြင့် မည်ဖြစ်ပြီး သင်တန်းတွင် အစားအစာချက်ပြုတ်ခြင်းသာမက မီးဖိုချောင်တစ် ခု၏ သန့်ရှင်းမှုအရေးကြီးပုံ၊ မီးဖိုချောင်သုံးပစ္စည်းများအသုံး ပြုနည်း၊ အစား အစာကိုင်တွယ်သူတစ်ဦး၏ သန့်ရှင်းမှုနှင့် အစားအစာချက်ပြုတ်ရာတွင် ပါဝင်သော အမယ်အမျိုးအစားအလိုက် စနစ်တကျ သိမ်းဆည်းထားသိုမှု စသော အရေးကြီးသည့် အခြေခံအချက်များကိုပါ ထည့် သွင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းတွင် သင်ကြားပေးမည့် အစားအစာများနှင့်ဖျော်ရည်များမှ

၁။ ရှမ်းတိုင်းရင်းသားအစားအစာများ
၂။ ရခိုင်တိုင်းရင်းသားအစားအစာများ
၃။ ဗမာတိုင်းရင်းသားအစားအစာများ
၄။ အိန္ဒိယအစားအစာများ
၅။ ကိုရီးယားအစားအစာများ
၆။ တရုတ်အစားအစာများ
၇။ ထိုင်းအစားအစာများ
၈။ Street Food များ
၉။ အအေးနှင့်ဖျော်ရည်များ

သင်တန်းလျှောက်ထားသူများအတွက် လိုအပ်ချက်များမှာ –

(၁) မသန်စွမ်းသူ သို့မဟုတ် မသန်စွမ်းသူ၏ မိသားစုဝင် ဖြစ်ရမည်။
(မှတ်ချက် – မည်သည့်မသန်စွမ်းမှု အမျိုးအစားမဆို လျှောက်ထားနိုင်ပါသည်။)

(၂) မြန်မာစာအရေးအဖတ် ပြုလုပ်နိုင်ရမည်။

(၃) အသက် (၁၈)နှစ်နှင့်အထက် ဖြစ်ရမည်။

(၄) သင်တန်းကာလ(၄)ပတ်ကို ပြီးမြောက်အောင် တက်ရောက်နိုင်ရမည်။

သင်တန်းသားရွေးချယ်ခြင်

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ သင်တန်းသားများကို သင်တန်းသား ရွေးချယ်မှု စံသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ပဏာမ ရွေးချယ်ခံရသူများအား လူတွေ့သော်လည်းကောင်း အွန်လိုင်းမှတဆင့်သော်လည်း ကောင်း အင်တာဗျူးမေးမည် ဖြစ်ပါသည်။ ပဏာမရွေးချယ်ခံရသူများအတွက် အင်တာဗျူးဖြေဆိုရမည့်ရက်အား လျှောက်ထားသူတစ်ဦးချင်းစီ ဖုန်းဆက်၍ သော်လည်းကောင်း၊ အခြားသင့်တော်သော နည်းလမ်း အမျိုးမျိုးဖြင့်လည်းကောင်း ဆက်သွယ်အကြောင်း ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းသားများအတွက် စီစဉ်ပံ့ပိုးပေးမှုများ

ရန်ကုန်မြို့တွင်း သင်တန်းသားများအတွက် သင်တန်းကာလအတွင်း နေ့စဉ် အသွားအပြန်ခရီးစရိတ်များ ပံ့ပိုးပေးမည်ဖြစ်ပြီး နယ်မှသင်တန်းသားများအတွက် ၎င်းတို့နေထိုင်ရာဒေသမှ ရန်ကုန်သို့လာရောက်သော ခရီးစားရိတ်များ၊ နေ့စဉ်စားစရိတ်များနှင့် တည်းခိုရန်နေရာတို့ကို

ကို ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။အကြားအာရုံမသန်စွမ်းသူများအတွက် သင်တန်းအတွင်း အဆင်ပြေစွာ သင်ကြားနိုင်ရန်အတွက် လက်သင်္ကေတပြ ဘာသာစကားပြန် စီစဉ်ထားရှိပေးမည်ဖြစ်ပါသည်။

သင်တန်းသားများရရှိမည့် အကျိုးရလဒ်များ

သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားသော နိုင်ငံတကာ အဆင့် မြင့်ဟိုတယ်များတွင် လုပ်ကိုင်ဖူးသော ဝါရင့်အတွေ့အကြုံရှိ စားးဖိုမှူးမှ သင် ကြားပေးသော အစားအစာချက်ပြုတ်ခြင်းနှင့်အဖျော်ပညာရပ်များကို လက်တွေ့ကျွမ်းကျင်စွာတတ်မြောက်အောင် သင်ကြားခွင့် ရရှိမည်ဖြစ်ပြီး သင်တန်းပြီးဆုံးတတ် မြောက်အောင်မြင်ပါက သင်တန်းဆင်းလက်မှတ်ပေး အပ်ပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ သင်တန်းပြီးနောက် အစားအ သောက်နှင့် ပတ်သတ်သော လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မတည်ရင်းနှီးငွေရရှိစေရန် ငွေကြေးထောက်ပံ့ပေးသော အဖွဲ့ အစည်းများ (သို့မဟုတ်) ချေး​ငွေထုတ်ပေးသော အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပေးခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းများနှင့်ချိတ်ဆက်ပေးခြင်းနှင့် လိုအပ်သောထောက်ခံစာများ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

သင်တန်းလျှောက်ထားခြင်း

သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စား၍ သင်တန်းလျှောက်ထားလိုသူများအနေဖြင့် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ (၁၈)ရက်နေ့ နောက်ဆုံးထား၍ အောက်ပါ linkမှတဆင့် သင်တန်းလျှောက်လွှာဖောင်အား ပြည့်စုံမှန်ကန် စွာ ဖြည့်သွင်းလျှောက်ထားနိုင်ပါသည်။

သင်တန်းလျှောက်လွှာဖောင်

https://forms.gle/oPcnsuSPmMGHCwTP6

ပထမ အပတ်စဥ်သင်တန်း စတင်မည့်ရက်

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂ ရက်

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက အောက်ဖော်ပြပါပုဂ္ဂိုလ်ထံ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရမည့်သူ

အမည်- သူသူစိုး
ရာထူး – သင်တန်းတာဝန်ခံ
လိပ်စာ- အမှတ် (၇၉၇)၊ အခန်း (၁ဝ၄/ဘီ)၊ ပထမထပ်၊ ဗိုလ်ချုပ်လမ်းနှင့် ဝါးတန်းလမ်း ထောင့်၊မြန်မာ့အလှတာဝါ (၂)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၉ ၈၉ ၂၉ ၁၁၁ ၆၁

Scroll to Top