ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ မသန်စွမ်းသူများအတွက် ဖွင့်လှစ်သော အစားအစာ ချက်ပြုတ်နည်းနှင့် အဖျော်သင်တန်း (၁/၂၀၂၃) အပတ်စဥ်(၁) သင်တန်းသားများ ခေါ်ယူခြင်း

မသန်စွမ်းသူများသည် အသက်မွေးဝမ်းကြောင်းပညာများကို လက်လှမ်းမီမှု ရရှိပါက အလုပ်အကိုင်အခွင့်အ လမ်းများနှင့် ဝင်ငွေရရှိမှု ပိုမိုမြင့်မားလာကာ လူ့အသိုင်း အဝိုင်းအတွင်း အမှီအခို ကင်းကင်းနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် ရပ်တည်လာနိုင်မည်ဖြစ်သည့်အတွက် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

၂၀၂၂ခုနှစ်တွင်လည်း မသန်စွမ်းသူများနှင့်မသန်စွမ်းမိသားစုဝင်စုစုပေါင်း(၄၅)ဦးအားအစားအစာ ချက်ပြုတ် နည်းနှင့် အဖျော်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။သင်တန်း ၏ အဓိက ရည်ရွယ်ချက်မှာ မသန်စွမ်းသူများအနေဖြင့် သင်တန်းမှ တတ် မြောက်လာသော ပညာရပ်များကိုအသုံးချကာ ငွေကြေးအရင်းအနှီးအနည်း ငယ်ဖြင့် ၎င်းတို့နေထိုင်ရာ ဒေသ အတွင်းရှိ ဈေးကွက်နှင့်ကိုက်ညီသည့် သန့်ရှင်း၍ အရသာကောင်းမွန်သော အစားအစာများကို ချက်ပြုတ်ရောင်း ချခြင်းဖြင့် ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်များဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလာနိုင်စေရန်နှင့် ဝင်ငွေရရှိမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပါသည်။

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ “အစားအစာချက် ပြုတ်နည်းနှင့်အဖျော်သင်တန်း”ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားများ စနစ်တကျ နှင့် ကျွမ်းကျင်စွာ တတ်မြောက်စေရန်အတွက် သင်တန်းအပတ်စဉ် (၁)ခုလျှင် သင်တန်းသားဦးရေ စုစုပေါင်း (၁၅)ဦးသာ ရွေးချယ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းကာလမှာ စာတွေ့ လက်တွေ့ အပါအဝင် စုစု ပေါင်း (၄)ပတ် ကြာမြင့် မည်ဖြစ်ပြီး သင်တန်းတွင် အစားအစာချက်ပြုတ်ခြင်းသာမက မီးဖိုချောင်တစ် ခု၏ သန့်ရှင်းမှုအရေးကြီးပုံ၊ မီးဖိုချောင်သုံးပစ္စည်းများအသုံး ပြုနည်း၊ အစား အစာကိုင်တွယ်သူတစ်ဦး၏ သန့်ရှင်းမှုနှင့် အစားအစာချက်ပြုတ်ရာတွင် ပါဝင်သော အမယ်အမျိုးအစားအလိုက် စနစ်တကျ သိမ်းဆည်း ထားသိုမှု စသော အရေးကြီးသည့် အခြေခံအချက်များကိုပါ ထည့် သွင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းတွင် သင်ကြားပေးမည့် အစားအစာများနှင့်ဖျော်ရည်များမှာ

  1. ရှမ်းတိုင်းရင်းသားအစားအစာများ
  2. ရခိုင်တိုင်းရင်းသားအစားအစာများ
  3. ဗမာတိုင်းရင်းသားအစားအစာများ
  4. အိန္ဒိယအစားအစာများ
  5. ကိုရီးယားအစားအစာများ
  6. တရုတ်အစားအစာများ
  7. ထိုင်းအစားအစာများ
  8. Street Food များ
  9. အအေးနှင့်ဖျော်ရည်များ
Scroll to Top